Define Gawdai

User Avatar

Minn Htut

Total Gawdai: 0

လင်းသိုက်ညွန့်

ဂဃနဏ သေချာမသိသော်လည်း သူတစ်ပါးအား ဆရာကြီးလုပ်လွန်းသည်

ဒီဘဲက ဒီကိစ္စမှာလည်း ပါလိုက်ရပြန်ပြီ လင်းသိုက်ညွန့် ဝင်ဝင်လုပ်နေတယ်
8 years ago
{{slangs[469].share_count}}

ခိုင်သင်းကြည်

မင်းသမီအကယ်ဒမီခိုင်သင်းကြည်၏ အကယ်ဒမီရdialog မှာဆင်းသက်လာသည်။ တစ်ခုခုတွင်မတရာခံရလျှင်/အလိုမကျလျှင် အားနှင့်မာန်နှင့်အသုံးပြုလေ့ရှိသည်။

ဝယ်တုန်းကတော့အာမခံတစ်နှစ်လို့ပြောပြီ အခုပျက်တော့မှပြန်မလဲပေးရအောင်နင်တို့ကဝယ်တဲ့သူတွေကိုခိုင်သင်းကြည်များမှတ်နေလား?
9 years ago
{{slangs[349].share_count}}

တိုက်ရှော

ကားသမားများက ဆိုင်ကယ်ကို ခေါ်သော ဘန်းစကား။ တိုက်တာနှင့် ရှော(သေ) လွယ်တတ်သည်ကို တင်စားသုံးနှုန်းထားခြင်း ဖြစ်သည်။

လျှော့ထားဆရာ။ ရှေ့မှာတိုက်ရှောတွေ ရှိတယ်။
9 years ago
{{slangs[305].share_count}}

လိုင်

Like/လိုက်၏ အခြားသော အသုံးအနှုန်း

မင်းပုံကို ငါ လိုင်ပေးခဲ့တယ်နော်
9 years ago
{{slangs[114].share_count}}