Define Gawdai

GG ပါကွာ

Dota2 players များကဲ့သို့ online game ကစားသူများ လက်တွေ့ဘဝတွင် တွဲသုံးခြင်းဖြစ်သည်။ Good Game ဟု စစချင်းပြောသူက အရှုံးပေးသူဖြစ်သည်။ ရှုံးနှိမ့်သည်။ အရှုံးပေးသည်ဟု အဆိုရသည်။ စာမေးပွဲမဖြေနိုင်ရာ၊ စိတ်ကူးထားတာ ဖြစ်မလာရာ တို့တွင်သုံးသည်။

ဒီနှစ် ကျောင်းလခကတော့ GG ပဲ။ မနက်ဖြေမဲ့ English စာ က GG ပါကွာ။
9 years ago
{{slangs[532].share_count}}

ဘိ

မကောင်းသော နေရာ ( မာဆတ် , KTV, etc)

ဘိမှာ သွားနှပ်ရအောင်
9 years ago
{{slangs[531].share_count}}

အော်တီတူး

အူကြောင်ကြားနိုင်သောသူ

အဲ့ကောင်အော်တီတူးပါကွာ
9 years ago
{{slangs[530].share_count}}

မုမု

အမြင်မတူပဲ ဝင်ယောင်ပါက ထွက်သွားလို့ ပြောရာတွင်သုံးသည်။ English စကားလုံး Move မှမွေးစားထားခြင်းဖြစ်သည်။

သားရီး မင်းအဲ့အဆင့်လောက်နဲ့တက်မလာနဲ့ မုမု။
9 years ago
{{slangs[529].share_count}}

SKB

SKB ကို ဆော်ကြည်ဘဲ ဟု တွင်ကျယ်စွာ သုံးသော်လည်း အခြား အဓိပ္ပာယ်များရှိ၏ ဆော်ချဉ်ဘဲ ဆော်ချူဘဲ ဆော်ကျူဘဲ ဆော်ကြောက်ဘဲ

ဆော်ကြည်ဘဲဟု မြှောက်ပြောသလိုနှင့် အခြား အဓိပ္ပာယ်ဖြင့် စိတ်ရှိလက်ရှိ အောက်ရိုက်ချသောနေရာတွင်သုံးသည် ပြောလည်း ပြောရ အပြောခံသူလည်း ကျေနပ်စေသော အသုံးအနှုန်းဖြစ်သည်
9 years ago
{{slangs[528].share_count}}

ပျားတုပ်

ပြဿနာ တစ်ခုအား မဖြေရှင်းနိုင်ပဲ မည်သို့လုပ်ရမည်မသိသောအခါ သုံးသော စကား။

အဆောင်လခ မပေးနိုင်ရင် မနက်ဖန် အဆောင်က ဆင်းတဲ့ ငါတော့ ပျားတုပ်ပြီဟေ့
9 years ago
{{slangs[527].share_count}}

ဒေါင်ဆိုင်

လက်ဖက်ရည်ဆိုင်

ဒေါင်ဆိုင်သွားကြမယ်ဟေ့
9 years ago
{{slangs[526].share_count}}

ဆုတောင်းလေ

မဖြစ်နိုင်သော အရာတစ်ခုအား လိုချင်သော အခါ သူငယ်ချင်းများက စ သော စကား

လို ချင်လား ဆုတောင်းလေ
9 years ago
{{slangs[525].share_count}}

ဇိုး

အရက်ဂျိုး၊ အရက်ကို ခင်မင်တွယ်တာလွန်းကြီးစွာ သောက်သောသူ။ တခါတရံ လူဆိုး၊ လူမိုက်၊ လူရမ်းကားများကို ခေါ်ဝေါ်သည့်အခါတွင်လည်း သုံးသည်။

ဒီအချိန်ဆို ဘုံဆိုင်မှာ ထိုင်ပြီး ရှက် တွတ် နေတာ ဇိုးတွေ ချည်းပဲကွ။
9 years ago
{{slangs[524].share_count}}

ဂျလုံးပလုံး

အပေါစား၊အညံ့စားပစ္စည်း ဘာလုပ်လုပ်အသုံးမကျသော၊ တစ်ခါတစ်ရံ ရင်းနှီးသောသူငယ်ချင်းများကိုမခံချင်အောင်သုံးလေ့ရှိသည်

ငါ့များ ဂျလုံးပလုံးမှတ်နေလား ဒီလောက်ကတော့အေးဆေးလုပ်လို့ရတယ် ရှင်းတယ်နော်
9 years ago
{{slangs[523].share_count}}

Happenings


GameMaster77
is in the house.
2 hours ago
SportJunkie91
is in the house.
3 hours ago
GameThrill87
is in the house.
3 hours ago
Vernaerymn
is in the house.
7 hours ago
Anonymous upvoted “စားဘူးသီး”
1 day ago
KonzertLover
is in the house.
4 days ago
JoySeeker88
is in the house.
4 days ago

View All