Define Gawdai

User Avatar

Myo Thet

Total Gawdai: 0

SKB

SKB ကို ဆော်ကြည်ဘဲ ဟု တွင်ကျယ်စွာ သုံးသော်လည်း အခြား အဓိပ္ပာယ်များရှိ၏ ဆော်ချဉ်ဘဲ ဆော်ချူဘဲ ဆော်ကျူဘဲ ဆော်ကြောက်ဘဲ

ဆော်ကြည်ဘဲဟု မြှောက်ပြောသလိုနှင့် အခြား အဓိပ္ပာယ်ဖြင့် စိတ်ရှိလက်ရှိ အောက်ရိုက်ချသောနေရာတွင်သုံးသည် ပြောလည်း ပြောရ အပြောခံသူလည်း ကျေနပ်စေသော အသုံးအနှုန်းဖြစ်သည်
9 years ago
{{slangs[528].share_count}}

အား T

ဘော်ဒါ (အထီး)။ Singer Tharr Sis စတင်သုံးစွဲရာမှ ဆင်းသက်လာသည်။

ဖွဘုတ်အပေါ်တွေမှာ ငါမရယ်ချင်ဘူး အား T ရာ။
9 years ago
{{slangs[287].share_count}}

တစ်ပတ်မပြည့်

ပါးနပ်ဟန်ရှိသော်လည်း အမှန်တွင် နုံအသည်။ လည်မလိုနှင့် အသည်။

အဲ့ကောင်က လည်မလိုနဲ့ တစ်ပတ်မပြည့်ဘူး။ မနက်ဖြန် ဘုန်းကြီးကျောင်းသွားပြီး ပန်ကာလှူခဲ့ သားကြီး။ ဘဝဆက်တိုင်း တစ်ပတ်ပြည့်အောင်။
9 years ago
{{slangs[271].share_count}}

လိုင်

Like/လိုက်၏ အခြားသော အသုံးအနှုန်း

မင်းပုံကို ငါ လိုင်ပေးခဲ့တယ်နော်
10 years ago
{{slangs[114].share_count}}

ဒစ်လည်

၁။ စက်သီးတွင်ပါဝင်သော အထစ်ကလေးများသည် သူ့နေရာနှင့်သူ မရှိဘဲ ချော်နေသကဲ့သို့ ကိစ္စတစ်ခုခုအား မည်မျှပင် ရှင်းပြနေစေကာမူ သဘောမပေါက်သော အခါတွင် သုံးသည်။ ၂။ သာမန်ထက်ပို၍ ပြိုင်းနေသော အခါများတွင် သုံးသည်။

၁။ သားကြီးရာ မင်းကို ရှင်းပြရတာ စောက်ရမ်း ဒစ်လည်တယ်ကွာ။ ၂။ သားကြီးရေ ညက နည်းနည်းများသွားတာ အခုထိ ဒစ်လည်နေတုန်းပဲ။
10 years ago
{{slangs[108].share_count}}