Define Gawdai

User Avatar

Htet Myet Aung

Total Gawdai: 0

ခိုင်သင်းကြည်

မင်းသမီအကယ်ဒမီခိုင်သင်းကြည်၏ အကယ်ဒမီရdialog မှာဆင်းသက်လာသည်။ တစ်ခုခုတွင်မတရာခံရလျှင်/အလိုမကျလျှင် အားနှင့်မာန်နှင့်အသုံးပြုလေ့ရှိသည်။

ဝယ်တုန်းကတော့အာမခံတစ်နှစ်လို့ပြောပြီ အခုပျက်တော့မှပြန်မလဲပေးရအောင်နင်တို့ကဝယ်တဲ့သူတွေကိုခိုင်သင်းကြည်များမှတ်နေလား?
9 years ago
{{slangs[349].share_count}}

ဂျင်းထည့်

သူတစ်ပါးအပေါ် အမြတ်ထုတ်သည်။ မက်လုံးပေးပြီး လိမ်သည်။

ပွဲစားတန်း တစ်ယောက်ထဲသွားလို့က မင်းကိုအချဉ်လေးဆိုပြီး ဂျင်းထည့် လွှတ်ကြလိမ့်မယ်။
9 years ago
{{slangs[342].share_count}}

တိုက်ရှော

ကားသမားများက ဆိုင်ကယ်ကို ခေါ်သော ဘန်းစကား။ တိုက်တာနှင့် ရှော(သေ) လွယ်တတ်သည်ကို တင်စားသုံးနှုန်းထားခြင်း ဖြစ်သည်။

လျှော့ထားဆရာ။ ရှေ့မှာတိုက်ရှောတွေ ရှိတယ်။
9 years ago
{{slangs[305].share_count}}

ဒစ်လည်

၁။ စက်သီးတွင်ပါဝင်သော အထစ်ကလေးများသည် သူ့နေရာနှင့်သူ မရှိဘဲ ချော်နေသကဲ့သို့ ကိစ္စတစ်ခုခုအား မည်မျှပင် ရှင်းပြနေစေကာမူ သဘောမပေါက်သော အခါတွင် သုံးသည်။ ၂။ သာမန်ထက်ပို၍ ပြိုင်းနေသော အခါများတွင် သုံးသည်။

၁။ သားကြီးရာ မင်းကို ရှင်းပြရတာ စောက်ရမ်း ဒစ်လည်တယ်ကွာ။ ၂။ သားကြီးရေ ညက နည်းနည်းများသွားတာ အခုထိ ဒစ်လည်နေတုန်းပဲ။
10 years ago
{{slangs[108].share_count}}

လှကျော်

ပစ္စည်းကောင်းများကို သူငယ်ချင်များထံမှ ငှားရမ်းပြီး အမေ့ခံ ပြန်၍ မပေးသောသူ။

ဟေ့ကောင် ဟေ့ကောင် မြန်မြန် သိမ်း။ မြန်မြန် သိမ်း။ ဟိုမှာ လှကျော် လာနေပြီ။
10 years ago
{{slangs[82].share_count}}