Define Gawdai

အစာမကြေ

မကျေမနပ်, အလိုမကျရာ

ငါ ငါ့အိမ်ဘေးက ကောင်ကို အစာမကြေတာကြာပြီ
9 years ago
{{slangs[390].share_count}}

ဂွမ်း

ပုံပျက်ပန်းပျက် ဖြစ်သည်

မင်းပုံစံက တော်တော်ဂွမ်းတာပဲ
9 years ago
{{slangs[388].share_count}}

မန်မန်တွေတူတူပုန်းလိမ့်မယ်

ဝင်ငွေမရှိ/ အလုပ်မရှိသောအခါ ထမင်းစားဖို့ငွေမရှိခြင်းကိုဆိုလိုသည်။

ငါအလုပ်မရှိရင် မန်မန်တွေတူတူပုန်းသွားလိမ့်မယ်
9 years ago
{{slangs[386].share_count}}

Helicopter

အသံအကျယ်ကျယ်နှင့် စကားလုံးအမြင့်ကြီးတွေ ပြောတတ်သူ။

ဟေ့ကောင် ... ဟေ့ကောင် ... helicopter လာပြီ။ ငါတို့တော့ နားဒုက္ခခံရဦးမယ်။
9 years ago
{{slangs[384].share_count}}

ဉာဏ်ဆင်

ဉာဏ်များသည်။ကလိန်ကကျစ်ကျသည်။

ဟိုကောင်တော့ ဘာတွေဉာဏ်ဆင်နေပြန်ပြီလဲ မသိဘူး။
9 years ago
{{slangs[383].share_count}}

မူလကီဂျုလကီ

ပုံမလာသော။ စုတ်ပြတ်နေသော

အဲ့ကောင်က မူလကီဂျုလကီကောင်ပါကွာ။ လွှတ်ထားလိုက်
9 years ago
{{slangs[382].share_count}}

အုန်းတယ်

ခေါင်းစားခြင်းကို ဆိုလိုသည်။

မင်းဟာကြီးကလည်း စွန်းအုန်းတယ်
9 years ago
{{slangs[381].share_count}}

မှတ်ပုံတင်

ထိုးကျိပ်ခံရသည့်အတွက် မျက်နှာပေါ်တွင် ညိုမဲစွဲ ကျန်ခဲ့သည့် ဒဏ်ရာကို တင်စားရာတွင် အသုံးပြုသည်။

မောင်မောင် မင်း မျက်နှာမှာ မှတ်ပုံတင်သွားတာ ဘယ်ကောင်လည်း။
9 years ago
{{slangs[380].share_count}}

ပိန်း

အသုံးမကျ။ အသည်။ ထုံထိုင်းသည်။

ဒါနဲ့များ မင်းကိုမင်း gamer တဲ့ကွာ။ ပိန်းလွန်းပါတယ်။
9 years ago
{{slangs[379].share_count}}

၁၀၉/၁၁၀

အလုပ်အကိုင်မရှိ လေလွင့်လူငယ်တို့အား အရေးယူသည့် ပုဒ်မအား အလုပ်မရှိဟု သွယ်ဝိုက်အသုံးပြုသည်။

ဟေ့ကောင် မင်း အခုဘာလုပ်နေလဲ မရှိပါဘူးကွာ အခုလောလောဆယ် ၁၀၉/၁၁၀ ပေါ့
9 years ago
{{slangs[378].share_count}}

Happenings


aitunz.com
is in the house.
10 minutes ago
GameMaster77
is in the house.
10 hours ago
SportJunkie91
is in the house.
11 hours ago
GameThrill87
is in the house.
11 hours ago
Vernaerymn
is in the house.
14 hours ago
Anonymous upvoted “စားဘူးသီး”
1 day ago
KonzertLover
is in the house.
4 days ago

View All