Define Gawdai

User Avatar

Ye Ko Khine

Total Gawdai: 0

ပြိုင်းသည်

အလွန်မောပန်း နွမ်းနယ်သည်။စစ်တပ်တွင် အသုံးများသည်။

ဒီနေ့ လေ့ကျင့်ခန်းကတော့ ပြိုင်း ထွက်နေတာပဲဟေ့။
8 years ago
{{slangs[599].share_count}}

ဆုတောင်း

မဖြစ်နိုင်သည်ကို ပြော(တောင်းဆို)သဖြင့် ပြန်လည်ချေပ သောစကား

စဉ်းစားလေ ဆုတောင်းပေါ့
8 years ago
{{slangs[598].share_count}}

အာရုံ Day ပါကွာ

သူငယ်ချင် အချင်ချင်း စကာပြောနေချိန်တွင် ဝင်နောက်သူ

Tea time က အပြန် တွင်ပြောဆိုသည် ။eg ဒီနေ့ကွာငါတိုတွေ Tea time အချိန်လေမှ ဟိုကောင်းရောက်လာမှ ငါတိုပြောနေတယ်စကာတွေကို ဝင်နောက်တယ်ကွာ ဒီနေက ငါတိုစကားဝိုင်းအတွက် "အာရုံ Dayပါကွာ "
8 years ago
{{slangs[597].share_count}}

ပျားတုတ်ပြီကွာ

အရေးအကြောင်း၌ ဒုက္ခရောက်ခြင်းကိုဆိုလိုသည်။ (အညာသားများသုံးသောစကားဖြစ်သည်)

ငါတော့.. ပျားတုတ်ပြီကွာ .. ပိုက်ဆံရှင်းခါနီးမှ ငါ့ပိုက်ဆံအိတ် ဘယ်မှာကျန်ခဲ့လဲ မသိဘူး
8 years ago
{{slangs[596].share_count}}

အာတာပူစီ

အချစ်ရေးနှင့်ပက်သက်လျင် ထိခိုက်လွယ်သောသူ ၊ ထိခိုက်မခံနိုင်သူ မျိုးကို အာတာပူစီ၏ ပါးလွှာမှုနှင့်တင်စားပြီး ခိုင်းနှိုင်းသည်။

ကောင်မလေးက အာတာပူစီလေးပါကွာ ... ဒုက္ခမပေးချင်စမ်းပါနဲ့။
8 years ago
{{slangs[595].share_count}}