Define Gawdai

User Avatar

Ye Htet Aung

Total Gawdai: 0

ပျားတုတ်ပြီကွာ

အရေးအကြောင်း၌ ဒုက္ခရောက်ခြင်းကိုဆိုလိုသည်။ (အညာသားများသုံးသောစကားဖြစ်သည်)

ငါတော့.. ပျားတုတ်ပြီကွာ .. ပိုက်ဆံရှင်းခါနီးမှ ငါ့ပိုက်ဆံအိတ် ဘယ်မှာကျန်ခဲ့လဲ မသိဘူး
8 years ago
{{slangs[596].share_count}}

အာတာပူစီ

အချစ်ရေးနှင့်ပက်သက်လျင် ထိခိုက်လွယ်သောသူ ၊ ထိခိုက်မခံနိုင်သူ မျိုးကို အာတာပူစီ၏ ပါးလွှာမှုနှင့်တင်စားပြီး ခိုင်းနှိုင်းသည်။

ကောင်မလေးက အာတာပူစီလေးပါကွာ ... ဒုက္ခမပေးချင်စမ်းပါနဲ့။
8 years ago
{{slangs[595].share_count}}

ညလေး

ကိုယ့်ထက်အတွေ့ကြုံနည်းသော (ဝါ) အသက်ငယ်သော မိန်းခလေးများကိုဆိုလိုသည် ။

ဒီကိစ္စ ဘာမှစိတ်မပူနဲ့ ညလေး ... ကိုကို အားလုံးစီစဉ်ပေးမယ် ။
8 years ago
{{slangs[593].share_count}}

ငစနူ (ငါးဆားနူ)

အသုံးမဝင်သည့်သူ၊ အများနှင့် အဆင်ပြေအောင်မနေတတ်သူ၊ လူမှုဆက်ဆံရေး မကောင်းသူ။

ထားလိုက်ပါကွာ၊ အဲ့ ငစနူ ကောင်ကို။ ဟာ ... အဲ့ကောင်က တကယ့် ငစနူ၊ မင်း သွားအဖတ်လုပ်မနေနဲ့။
8 years ago
{{slangs[592].share_count}}

ဆပ်ပြာသည် လင်ပျောက်

ပြာယာခက်သောသူ

အလုပ်တစ်ခုလုပ်ရာတွင် ပြာယာခက်နေသောသူကို ခေါ်သည့် နာမည်
8 years ago
{{slangs[591].share_count}}