Define Gawdai

User Avatar

Ko Lay

Total Gawdai: 0

ဆိုဒ်ပိ

လိုအပ်တာထပ် အလွန်အမင်း ဆိုဒ်မကျကျအောင် ရှိုးထုတ်တတ်သည့် လူမျိုးကို ခေါ်ဆိုသည်။

သားကြီး ဒီနားဟိုနားသွားတာကို ဆိုဒ်ပိ လှချည်လား။
8 years ago
{{slangs[604].share_count}}

ပလစ်

ဂရုမစိုက်ပဲ လျစ်လျူရှုထားသည်။

ဒီကောင်တွေ ငါ့ကိုဝိုင်းပလစ်ထားကြတယ်။
8 years ago
{{slangs[603].share_count}}

အူကြောင်ကြား

အရူးအပေါ ရုပ် ၊ အရူးအပေါ လိုပဲ စကားကို ကြုံရာပြောသည်။

ဒီကောင် ရုပ်က အူကြောင်ကြား ရုပ် စကားပြောရင်လည်း အူကြောင်ကြားပဲ။
8 years ago
{{slangs[577].share_count}}

အာချာဘင်

လူဖျင်းလူညံ့ဟုအဓိပ္ပါယ်ရသည်

အဲဒီကောင်ကအာချာဘင်ပါကွာ..ဘာမှအသုံးကျတဲ့ကောင်မဟုတ်ဘူး...
8 years ago
{{slangs[576].share_count}}

ထိပ်ဖြူ

မော်တော်ပီကယ်၊ ဦးထုပ်ဖြူဆောင်းသော လမ်းပြပုလိပ်(ရဲ)၊ ၁၉၇၀ ဝန်းကျင်တွင်ခေတ်စားခဲ့သည်။

မီးဝါမဖြတ်နဲ့နော် ထိပ်ဖြူတွေရှိတယ်။
9 years ago
{{slangs[5].share_count}}