Define Gawdai

User Avatar

Zayar Gyi

Total Gawdai: 0

အာတာပူစီ

အချစ်ရေးနှင့်ပက်သက်လျင် ထိခိုက်လွယ်သောသူ ၊ ထိခိုက်မခံနိုင်သူ မျိုးကို အာတာပူစီ၏ ပါးလွှာမှုနှင့်တင်စားပြီး ခိုင်းနှိုင်းသည်။

ကောင်မလေးက အာတာပူစီလေးပါကွာ ... ဒုက္ခမပေးချင်စမ်းပါနဲ့။
8 years ago
{{slangs[595].share_count}}

ဆပ်ပြာသည် လင်ပျောက်

ပြာယာခက်သောသူ

အလုပ်တစ်ခုလုပ်ရာတွင် ပြာယာခက်နေသောသူကို ခေါ်သည့် နာမည်
8 years ago
{{slangs[591].share_count}}

ဂျင်းထည့်

သူတစ်ပါးအပေါ် အမြတ်ထုတ်သည်။ မက်လုံးပေးပြီး လိမ်သည်။

ပွဲစားတန်း တစ်ယောက်ထဲသွားလို့က မင်းကိုအချဉ်လေးဆိုပြီး ဂျင်းထည့် လွှတ်ကြလိမ့်မယ်။
9 years ago
{{slangs[342].share_count}}

ဘောက်ချာဖွင့်

ပြဿနာရှာသည်

"အဲ့ကောင်ကွာ လူကြည့်တော့ လက်တောက်လောက်နဲ့ အသေဘောက်ချာဖွင့်တဲ့ကောင်"
9 years ago
{{slangs[334].share_count}}

တိုက်ရှော

ကားသမားများက ဆိုင်ကယ်ကို ခေါ်သော ဘန်းစကား။ တိုက်တာနှင့် ရှော(သေ) လွယ်တတ်သည်ကို တင်စားသုံးနှုန်းထားခြင်း ဖြစ်သည်။

လျှော့ထားဆရာ။ ရှေ့မှာတိုက်ရှောတွေ ရှိတယ်။
9 years ago
{{slangs[305].share_count}}