Define Gawdai

User Avatar

Thi Ha

Total Gawdai: 0

ဂဠုန်ဆန်

ကုန်းတိုက်သည်။ သစ္စာဖောက်သည်။

ဘော်ဒါချင်း လာပြီး ဂဠုန်ဆန် မနေနဲ့
8 years ago
{{slangs[625].share_count}}

ဆိုး

အများအားဖြင့် အရက်သောက် ရန် ခေါ်သောအခါအသုံးများသည်။

သားရီး ဒီည ဆိုးမယ်လေ။ မင်းအခုတလော ငါတို့ကိုမခေါ်ပဲ ဆိုးနေတယ် ဆို။
8 years ago
{{slangs[621].share_count}}

ဂယ်ပဲ

တကယ်ပဲကို မိန်းမလျာများ အများဆုံး အသုံးပြုသည့် အသုံးအနှုန်း။ နီနီခင်ဇော်၏ ဂယ်ပဲ ဂယ်ပဲ သီချင်းတွင်လည်း အသုံးပြုထားသည်။

သူလေ နွဲ့တယ်။ သူလေ ချွဲတယ်။ သူလေ ကဲတယ်။ ဂဲပယ် ဂဲပယ်။ (နီနီခင်ဇော် - ဂယ်ပဲ ဂယ်ပဲ)
8 years ago
{{slangs[620].share_count}}

ဆီပုံး

ဆုံးပီကို စကားလိမ်ဖြင့်ပြောဆိုခြင်း။

ညကငါ မန်ယူတင်လိုက်တာ ဆီပုံးသွားတယ်။
8 years ago
{{slangs[618].share_count}}

ခွေးဝမ်းသာအောင် လေလည်ပြတာ

မျှော်လင့်ချက်ပေးပြီးရိုက်ချခံရခြင်းကို ရည်ညွှန်းသည်။

အပိုတွေပါကွာ။ ဟိုစော်က ခွေးဝမ်းသာအောင် လေလည်ပြလိုက်တာပါ။
8 years ago
{{slangs[617].share_count}}