Define Gawdai

အနားပြာ

အနားတွင် လိုတာထက်သာ၍ကဲကာ ပျာယာခတ်သူ၊ ခတ်ပြသူ။

ဗွီအိုင်ပီတွေလာတော့ အနားပြာလေးတွေ ခြေကိုရှုပ်နေတာပဲ။
8 years ago
{{slangs[725].share_count}}

အူရိုင်း

မယဉ်သေးသော အရိုင်း။ အငန့်။ အကင်း။ အသစ်။ နယ်ပယ်သစ်ခုတွင် အခုမှ အခြချသောသူ။ အရက်ဝိုင်းတွင် အသုံးများသည်။

၁။ သားကြီး သောက်တာလည်း ကြည့်ကျက်ပြီးသောက် ၊ မင်းက အူရိုင်း၊ ပြီးရင် ဆန်ပြုတ်တွေဝေမယ်။ ၂။ အူရိုင်းလေးဆိုပြီး အကဲသွားသွား မစမ်းစမ်းပါနဲ့ကွာ။
9 years ago
{{slangs[704].share_count}}

အဘထ

ဖွန်ကြောင်သောသူများ ၊ နှာထသောသူများအား မြန်မာဆေး အမှတ်တံဆိပ်ဖြစ်သော အဘထနှာဘူး နှင့် ရည်ညွှန်း ခိုင်းနှိုင်းဖြစ်သည်။

သားကြီး မင်းကို စော်လေးတွေက အဘထတဲ့။
9 years ago
{{slangs[689].share_count}}

အသိုက်ပျက်

မည်သူမျှ ဒုက္ခမပေးရပါပဲလျက် တစ်ယောက်တည်း ကြိတ်ကာ ပြသနာတက်နေသည် ဗျာများသည် ဒုက္ခအကြီးအကျယ်ရောက်သည်

ယောက်ဖ ဘာတွေ အသိုက်ပျက် လာပြန်ပြီလဲ
9 years ago
{{slangs[685].share_count}}

အူရောင်ငန်းဖျား

ကြောင်တောင်တောင်ဖြင့် အနှောက်အယှက်ပေးသည်။

ဒီဆိုက်ကယ်တွေ အရှေ့မှာ အူရောင်ငန်းဖျားလာလုပ်ပြန်ပြီ။ တိုက်မိပြီး အကုန်သေကုန်မှဖြင့်။
9 years ago
{{slangs[682].share_count}}

အထာမကျဘူး

လုပ်သည့်အခါ အဆင်မပြေသည့်အခါမျိုး (သို့) စိတ်တိုင်းမကျသည့်အခါမျိုး (သို့) ကမောက်ကမဖြစ်သည့် အခါမျိုးတွင် သုံးသည်။

သူ့ဘက်က ဒီလိုလုပ်တာတော့ အထာမကျဘူးကွာ။ မင်းလုပ်တာမဟုတ်သေးဘူး အထာမကျဘူး။
9 years ago
{{slangs[681].share_count}}

အစိမ်း

အမေရိကန်ဒေါ်လာကို ခေါ်ဆိုခြင်းဖြစ်သည်။

အခုတလော အစိမ်းတွေ ဈေးကျနေတယ်ကွာ။
9 years ago
{{slangs[678].share_count}}

အာရုံစား

စိတ်ရှုပ်/စိတ်အနှောင့်အယှက် ဖြစ်အောင်လုပ်သည်။

ကိုယ့်ဘာသာ တိုင်ပါတ်နေတာကို အာရုံလာမစားစမ်းပါနဲ့ .. ဝေးဝေးလစ်စမ်းပါကွာ။ အာရုံ(အာရုဏ်)စားချင်ရင်ဘုန်းကြီး၀တ် လစ်လစ်။
9 years ago
{{slangs[677].share_count}}

အိုရိုင်း

တစ်စုံတစ်ခု မြွေစသောသတ္တဝါများကို မြင်သောအခါ အထိတ်တလန့်ဆိုသော စကား

အိုင်ယာ- အမေ- အမလေးလေး
9 years ago
{{slangs[632].share_count}}

အူကျွတ်

အလွန်အမင်းဆော့ကမြင်းသူ

မောင်မောင်ကတော့ အူကျွတ်ဟေ့
9 years ago
{{slangs[629].share_count}}

Happenings


KonzertLover
is in the house.
14 hours ago
JoySeeker88
is in the house.
15 hours ago
FunSeeker
is in the house.
15 hours ago
MaxMust
is in the house.
15 hours ago
DavidGyday
is in the house.
5 days ago
MichealPO
is in the house.
1 week ago
Jasonpoorm
is in the house.
1 week ago

View All