Define Gawdai

အိမ်သာကျင်းထုံးပတ်

နဂိုမဖြူသော မျက်နှာကို အတင်းဖြူအောင် ပြင်ဆင်ထားသူများ၊ လိုတာထက်ပို၍ ပြင်ဆင်သူများအား ကဲ့ရဲ့ပြောဆိုရာတွင် အသုံးပြုသည်။

နင် မိတ်ကပ် လိမ်းထားတာကလည်း အိမ်သာကျင်းထုံးပတ် ထားတဲ့အတိုင်းပဲ။
9 years ago
{{slangs[343].share_count}}

အသုပ်သုပ်

အလုပ်သေချာမလုပ်ဘဲ ယောင်နေသည်။

ဟိုကောင်ကတော့ အသုပ်သုပ်နေသဟေ့
9 years ago
{{slangs[332].share_count}}

အဂွမ်း

စုတ်ပြတ် သည်

သားကြီး မင်း ဆော် က ဂွမ်း လွန်းတယ် ကွာ
9 years ago
{{slangs[321].share_count}}

အမုန်းဆွဲ

တစ်ခုခုကို မုန်းခန်းတိုင်အောင်လုပ်ဆောင်မှု။ လိုသည်ထက်ပိုပြီး အားထုတ်လုပ်ဆောင်မှု။

ရန်ကုန်ပြန်ရောက်တာနဲ့ မုန့်ဟင်းခါး အမုန်းဆွဲပစ်မယ်။
9 years ago
{{slangs[303].share_count}}

အလွမ်း စက်စက်ယို

အင်မတန် အလွန်အမင်း လွမ်းသည် ဆွေးသည်

မင်း ကြည့်လိုက်ရင် အဲဗား "အလွမ်း စက်စက်ယို" နေတာပဲ
9 years ago
{{slangs[296].share_count}}

အာဖျံကွီး

အစစ်အမှန်မဟုက် လူလည်ကျ ညာရွှီးသူ

ဒီဘဲ အာဖျံကွီးပါကွာ
9 years ago
{{slangs[295].share_count}}

အောမေ

ဘော်ဒါ (အမ)။ Singer Tharr Sis စတင်သုံးစွဲရာမှ ပြန့်နှံ့လာသည်။

ညနေကျရင် အောမေတစ်ယောက်နဲ့ သွားတွေ့ရမှာမို့ မအားသေးဘူးကွာ။
9 years ago
{{slangs[288].share_count}}

အား T

ဘော်ဒါ (အထီး)။ Singer Tharr Sis စတင်သုံးစွဲရာမှ ဆင်းသက်လာသည်။

ဖွဘုတ်အပေါ်တွေမှာ ငါမရယ်ချင်ဘူး အား T ရာ။
9 years ago
{{slangs[287].share_count}}

အာကရံ ပါကရံ

အသေးအမွှား တန်ဖိုးမရှိ အရာမဝင် အရေးမပါ၊ အရေးမထားလောက်အသော အရာဟု ဆိုလိုသည်။ (အာဂရန် ပါဂရန်ဟု အသံထွက်ပါသည်)

ဒီကောင်က အာဂရံ ပါကရံပါကွာ။ စာရင်းထဲမထည့်စမ်းပါနဲ့။
9 years ago
{{slangs[280].share_count}}

အာပေတူး

အပေအတေ၊ အခြေအနေမရှိသူ၊ ဖြစ်သလိုနေထိုင်သူ။

မင်းကလပ်မှာတွေ့တဲ့စော်ကြီး က အာပေတူးပါကွာ။ ရွဲနေပြီ။
9 years ago
{{slangs[278].share_count}}

Happenings


KonzertLover
is in the house.
13 hours ago
JoySeeker88
is in the house.
13 hours ago
FunSeeker
is in the house.
14 hours ago
MaxMust
is in the house.
14 hours ago
DavidGyday
is in the house.
5 days ago
MichealPO
is in the house.
1 week ago
Jasonpoorm
is in the house.
1 week ago

View All